ကြံခင်းမြို့တွင် အသိပေးထုတ်ပြန်ချက်အား ဒေသခံပြည်သူများ သိရှိစေရေး အသိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် Silent Strike (အသံတိတ်သပိတ်)နှင့် ပက်သက်ပြီး ထုတ်ပြန်ချက်အား ဒေသခံပြည်သူများ သိရှိစေရေး အသိပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် (၈)နာရီအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ် လျှောက်နှင့် မြို့မဈေးအတွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း၊ ဒုတိယ ဗိုလ်မှူးကြီး မင်းထင်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့၌ အသိပေးထုတ်ပြန်ချက်အား ပြည်သူများသိရှိစေရေး လိုက်လံကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် အသံတိတ်သပိတ် (Silent Strike)နှင့် ပတ်သက်၍ ပြည်သူများသိရှိစေရေး အသိပေးထုတ်ပြန်ချက်များအား ပြည်သူများ သိရှိစေရေးအတွက် လိုက်လံကြေညာခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ရပ်ကွက် များ၊ ဈေးများတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ကြံခင်းမြို့တွင် အသိပေးထုတ်ပြန်ချက်အား ဒေသခံပြည်သူများ သိရှိစေရေး အသိပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် Silent Strike (အသံတိတ်သပိတ်)နှင့်ပက်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့်‌ ကျေးရွာများတွင် အသိပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့၌ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအသိပညာပေးဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအသိပညာပေးဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမတွင် ယနေ့နေ့လည် ၁၂နာရီ၌ကျင်းပခဲ့သည်။

ကြို့ပင်ကောက်မြို့တွင် အများပြည်သူ သိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် အကြမ်းဖက်အဖွဲ့အစည်းများမှ ဆိုရှယ်မီဒီယာများမှတစ်ဆင့် စည်းရုံးလှုံ့ဆော်မှုများအား ဒေသခံပြည်သူများ လိုက်ပါဆောင်ရွက်ခြင်း မရှိစေရေးအတွက် အသိပညာပေး ဆောင်ရွက်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကျုံပျော်မြို့နယ်အတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိုနှိုင်း ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အသံတိတ်သပိတ် ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန် တားမြစ်မိန့်ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ယမန်နေ့ နေ့လည်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ချောက်မြို့နယ်တွင် ဒေသခံပြည်သူများ သိရှိလိုက်နာစေရေး အသိပေးထုတ်ပြန်ချက်များ နှိုးဆော်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသန္တရအမိန့်(၃/၂၀၂၂) အသိပေးထုတ်ပြန်ချက်များအား ဒေသခံပြည်သူများ သိရှိလိုက်နာစေရန် ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နှိုးဆော်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်။

ပင်းတယမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင်  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၇၇ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် လျှောက်လွှာတင်သွင်းထားသည့် ကျောင်းသား /ကျောင်းသူ ဦးရေ ၇၇၇ ဦးရှိကြောင်း သိရသည်။
Subscribe to