ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း Online အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက "စားသုံးသူအခွင့်အရေးနှင့် တာဝန်" အကြောင်း Online အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပခဲ့ သည်။

ဟိုပုံးမြို့နယ်၌ ကလေးသူငယ်များဆိုင်ရာ ဥပဒေအသိပညာပေး Talk Show ပြုလုပ် အပိုင်း(၂)

ဟိုပုံးမြို့နယ်၌ ကလေးသူငယ်များဆိုင်ရာ ဥပဒေအသိပညာပေး Talk Show ပြုလုပ် အပိုင်း(၂) ဟိုပုံး ဇန်နဝါရီ ၂၆ မြို့နယ် (ပြန်/ဆက်)

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) အသိပညာပေး (Talk Show) ကျင်းပ

ကယားပြည်နယ်၊ ‌ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ၌ ကျင်းပသည်။

ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ လာရောက်ဖူးမျှော်နိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ဆံတော် ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော် စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေး အတွက် ယာယီပိတ်ထားရာမှ စေတီတော်မြတ်ကြီးအား ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းချက်နှင့်အညီ မြို့နယ် သံဃနာ ယက ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ မေလဆန်းမှ စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ လူမှုကွန်ရက်များနှင့် လှုံ့ဆော်မှုများတွင် အများပြည်သူပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးကြေငြာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် လူမှုကွန်ရက်များနှင့် လှုံ့ဆော်မှုများတွင် အများပြည်သူပါဝင်မှုမရှိစေရန် သတင်း ထုတ်ပြန်ချက်အား အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် အသိပေး နှိုးဆော် ခဲ့ကြသည်။

ညောင်ဦးမြို့နယ်၌ အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာ ပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လူမှုကွန်ယက်များတွင် လှုံ့ဆော်မှုအဖြစ် အများပြည်သူပါဝင်မှု မရှိစေရန် သတင်းထုတ်ပြန်ချက် အသိပေးကြေငြာခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်မှ စတင်ပြီး မြို့ပေါ်ရပ်ကွက်နှင့် လူစည်ကားရာဈေးပတ်လည်တွင် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။

မအီမြို့ ပြည်သူ့စာကြည့်တိုက်တွင် အွန်လိုင်း(Online) မှတဆင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် လွှင့်တင်ဝန်ဆောင်မှုပေးလျက်ရှိ

ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု ကာလအတွင်း မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ဖတ်ရှုခြင်း၊ စာအုပ်စာစောင်များ လာရောက်ငှားရမ်းခြင်း မပြုနိုင်သည့် စာဖတ်ပရိသတ်များ၊ အသိပညာဗဟုသုတ ရှာမှီးနေကြသည့် ကလေးသူငယ်များ အတွက် ရည်ရွယ်၍ သံတွဲခရိုင်၊ မအီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အွန်လိုင်း(Online)မှတဆင့် အသိပညာပေး အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိသည်။

သရက်ချောင်းမြို့နယ် ရေချိုချောင်းကျေးရွာနှင့် ဂုံညှင်းဆိပ်ကျေးရွာတို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်  မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က ဂုံညှင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to