သံဖြူဇရပ်မြို့နယ်တွင် ကလေးငယ်များ စာပေဗဟုသုတ ကြွယ်ဝစေရေး (Online)မှ ပုံပြောပြခြင်း ဆောင်ရွက်

သံဖြူဇရပ် ဇန်နဝါရီ ၂၇

စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်နှင့် ကလေးငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နေ့လယ် နာရီက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် Online မှတစ်ဆင့် ပုံပြင်ပြောပြခြင်း ဆောင်ရွက် ပေးသည်။

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ၊ ကျောင်းသား/ကျောင်းသူများနှင့် သားငယ်၊ သမီးငယ်များအတွက် ဗဟုသုတရစေရန် သံဖြူဇရပ်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် သုတ၊ ရသ စာအုပ်များ မိတ်ဆက်ခြင်းများ၊ ပုံပြင်ပြောပြခြင်းများ၊ ကဗျာရွက်ဆိုခြင်း အစီအစဉ်များကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် လူငယ်၊ လူရွယ်များအတွက် စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်း အပြင် ကလေးငယ်များ စာဖတ်သည့် အလေ့အကျင့်အား ကောင်းလာစေရန်နှင့် ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

အေးအေးမွန်(သံဖြူဇရပ်)