လူထုအခြေပုဗဟိုဌာန Community Centreခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကော့မှူး ဇန်နဝါရီ ၂၇

၂၀၂၂ခုနှစ် ဖေဖော်ဝါရီ၁၂ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုစာဖတ်စွမ်းရည်ပြိုင်ပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် လူထုအခြေပြု ဗဟိုဌာန Community Centreခန်းမ၌ ယနေ့နံနက်၁၀နာရီအချိန်က ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထား‌‌သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အသိပညာဗဟုသုတရရှိ‌စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးတိုက်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူ(၁၀)ဦးတို့မှ စဉ်းစားပြီး လုပ်ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား /ကျောင်းသူများအား (၇၅)နှစ်ပြည့်စိန်ရတု ပြည်ထောင်စုနေ့တွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ ကော့မှူး