ခင်ဦးမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား (ပထမအကြိမ်) ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချသွားမည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် (ပထမအကြိမ်) ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ဖေဖော်ဝါရီလ ၂ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။