ကျိုက်မရော ဇန်နဝါရီ ၂၇
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီက တရနာအရှေ့ကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲသို့ မော်လမြိုင်ခရိုင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းအောင်နှင့် မြို့နယဦးစီးမှူး ဦးကိုကိုလွင်တို့က နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၆)ကတ်ကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ထို့နောက်ခရိုင်ဦးစီးမှူး ဦးဇော်မင်းအောင်က လူမှုဘဝပြည်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားကတ်ကိုင်ဆောင်ခွင့်ရရှိပြီး အလွယ်တကူ ရရှိစေရန်အတွက် ပန်းခင်းစီမံချက်အရ ယခုလိုကွင်းဆင်း၍ ပြည်သူများ လက်ဝယ် အရောက် ကွင်းဆင်း ပေးအပ်ရခြင်း ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ယနေ့ပန်းခင်းစီမံချက်ဖြင့် အ.ထ.က.တရနာ ကျောင်း၊ အလကကော့စွယ်ကျောင်းတို့မှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား(၁၂၄)ဦး၊ ကျောင်းသူ(၁၄၈)ဦး စုစုပေါင်း(၂၇၂)ဦး၊ ကော့စွယ်အ.လ.ကကျောင်းမှ ကျောင်းသား(၃၇)ဦး၊ ကျောင်းသူ(၆၅)ဦး ပေါင်း(၁၀၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၅၀)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူများထံ ကွင်းဆင်းပေးအပ်ခဲ့သည်။
ဆက်လက်၍လည်း ပန်းခင်းစီမံချက်ဖြင့် ၂၀၂၂ခု နှစ်နိုဝင်ဘာ ၃၀ ရက်တွင် အသက်(၁၈)နှစ်ပြည့် လာမည့်သူနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများကို ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့ကို သက်ဆိုင်ရာ လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)