ပန်းတ​နော်မြို့နယ်တွင် ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်အား ဟောပြောခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေ

ပန်းတနော်   ဇန်နဝါရီ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် Silent Strike (အသံတိတ်သပိတ်)နှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များ အသိပညာပေး ဟောပြောခြင်းနှင့် လမ်းညွှန်ချက် စာစောင်များ  ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်​ပြန့်ပွားမှု ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြ ရန်နှင့် ယခုအခါ အကြမ်းဖက်အုပ်စုများ၏ သွေးထိုးလှုံ့ဆော် ဝါဒဖြန့်မှုများ၊ Social Media များမှ ခြိမ်းခြောက်အကြပ်ကိုင်မှုများ၊ ဖောက်ခွဲဖျက်ဆီးမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ပြည်သူလူထုအနေဖြင့် အကြောက်တရားများ ဖြစ်ပေါပြီး စာသင်ကျောင်းများ၊ စျေးများ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဆေးခန်းများ၊ ဆေးဆိုင်များ၊ စက်ရုံအလုပ်ရုံများ၊ ကားဂိတ်၊ ရေဆိပ်များ၊ မော်တော် ယာဉ်လိုင်းများပိတ်၍ သွားလာမှုမရှိအောင် စီစဉ်ဆောင်ရွက်နေကြောင်း တွေ့ရှိရ၍ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများနှင့် ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုကြောင့် အကြောက်တရား မဖြစ်ပေါ်စေရေးနှင့် မိမိတို့လုပ်ငန်းများ အရှိန်မပျက် ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရေး အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးကျော်ကျော်ဦးက Silent Strike(အသံတိတ်သပိတ်) ပြုလုပ်ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် ဥပဒေပုဒ်မများအကြောင်း တကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)