မြေပုံမြို့၌ အခြေခံပညာကျောင်းများတွင် စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြေပုံမြို့ရှိ အခြေခံပညာကျောင်းများသို့သွားရောက် ဆောင်ရွက်ပေးသည်။