ကော့မှူး၌ အများပြည်သူသိရှိစေရန် ထုတ်ပြန်ချက်များအား အသိပညာပေးနှိုးဆော်

ကော့မှူး ဇန်နဝါရီ ၂၇

ရန်ကုန်ုတိုင်း‌ဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီ အချိန်မှ စတင်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် သွားလာကြသော ပြည်သူများ သိရှိ စေရန် ရည်ရွယ်၍ NUG၊ CRPH တို့ လှုံ့ဆော်မှုများအား မလုပ်ဆောင်ကြရန် ရပ်ကွက်/ ကျေးရွာများအထိ အသံချဲစက်များဖြင့် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။

အသိပညာပေး ထုတ်ပြန်ရာတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် NUG CRPH နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း များကို လူမှုကွန်ရက် Facebook Accoun များမှ တစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက် ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင် သည်။ ထို့အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း မော်တော်ယာဉ်များဖြင့် လိုက်လံနှိုးဆော်ပေးနေကြောင်း သိရသည်။

ကျော်သူရ ကော့မှူး