ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျောင်းသား/ ကျောင်းသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

ကျောက်တော်  ဇန်နဝါရီ  ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊   ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမအတွင်း (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ယနေ့ မွန်းလွဲ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို အဆိုပါခန်းမ အတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြသန်း မှ ကျောင်းသား/ကျောင်းသူများနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း နှင့်ပတ်သက်၍ ပြောကြားရာတွင် စာပေလေ့လာဖတ်ရှုခြင်းသည် ကျောင်းသား လူငယ်လေးများအတွက် အသိပညာ ဗဟုသုတများစွာ ရရှိစေပြီး စာဖတ်သော အလေ့အကျင့်များကို အားလပ်ချိန်တိုင်းတွင် စာကြည့်တိုက်သို့ လာရောက် ပြီးစာပေလေ့လာဖတ်ရှုကြရန် ပြောကြားခဲ့ပြီး ဇာတ်လမ်း (မနှင်းဖွေး)ရေးသားပြီး သရုပ်ဖော် (ထွန်းထွန်းဝင်း) ရန်ကုန်တက္ကသိုလ် ရေးဆွဲပုံဖော်သည့်တန်ဖိုးကိုယ်စီစာအုပ်ပါအကြောင်း အရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းမှာ ကျောင်းသား/ကျောင်း သူများ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားလာစေရန်၊ အတွေးအခေါ်စွမ်းရည်များမြင့်မားလာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

(၇၅)နှစ် မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရာသို့ ပိုက်သည်ရပ်၊ ရပ်ကွက်အခြေခံပညာ မူလတန်း(လွန်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၄)ဦးမှ လာရောက်ပြီး ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ပြည်သူ့စာကြည့်အတွင်းရှိ စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာ လာရောက် လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း(ကျေက်တော်၊ ပြန်/ဆက်