အမရပူရ ဇန်နဝါရီ ၂၇
အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ကွင်း ဆင်းဆောင်ရွက်ခြင်းကို တောင်ကြီးရပ်ကွက်တွင် ဇန်နဝါရီလ(၂၆)ရက် နံနက် (၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးလဒ်ထွဋ်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် လူဦးရေ၊ အိမ်ထောင်စုစာရင်းများပြုလုပ်ပေးခြင်း၊ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဦးနှင့် ရပ်ကွက်တာဝန်ခံများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် Door to Door တို့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ နိုင်ငံသားစီစစ်ရေးကတ်ပြား ကျား(၁၃)ဦး၊ မ(၄)ဦးတို့ကို နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
တင်တင်လှ