အင်းစိန်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)နှင့် အခြေခံပညာဦးစီးဌာန(အင်းစိန်)တို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများစွာ ရရှိစေရန်၊ ဉာဏ်ရည် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြု လုပ်ခဲ့သည်။

ရေတာရှည်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အင်္ဂပူမြို့နယ် ထူးကြီးမြို့တွင် ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက် 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ထူးကြီးမြို့ မြို့မစျေးနှင့် သမာဓိလမ်းတွင် စျေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ ဇန်နဝါရီလ ၂၇ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်ပြည်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးမိတ်မြို့နယ်တွင် အများပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ယမန်နေ့ ည ၇ နာရီအချိန်မှစ၍ silent Strike (အသံတိတ်သပိတ်) နှင့် ပတ်သက်ပြီး ဒေသခံပြည်သူများသိရှိစေရေးအတွက် အသိပေးထုတ်ပြန်ချက်များကို မြို့ပေါ်ရပ်ကွက်များတွင် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက် ခဲ့ကြောင်း သိရ သည်။

မိုင်းယန်းမြို့၌ အများပြည်သူ သိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် အသိပေးကြေညာချက်များကို ယမန်နေ့ ညနေ ၄ နာရီက မြို့ပေါ် ရပ်ကွက်များအတွင်းသို့  လိုက်လံအသိပေး ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်းရှိ ပြည်သူ(၉၇၀၀)ကျော်အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး နိုင်ခဲ့ပြီဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးကို ဥပဒေနှင့် အညီ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိ ပြည်သူ (၉၇၀၀)ကျော်အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သိရသည်။

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု သုံးသိန်းလေးသောင်းကျော် ထိုးပေးနိုင်ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၃၄၁၈၂၂ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ရေဖြူမြို့နယ်၊ ပိန်းရှောင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပိန်းရှောင်ကျေးရွာအုပ်စုတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်သူများသို့ “ပန်းခင်း” စီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်‌နေ့ နံနက် ၉ နာရီက ပိန်းရှောင်ကျေးရွာအုပ်စုတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်၌ အကြမ်းဖက်အဖွဲ့များ၏ လှုံဆော်ဝါဒဖြန့်မှုများတွင် ပါဝင်ပတ်သက်မှုများမရှိစေရေး ပြည်သူများသို့ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မဈေးနှင့် ယာယီပျံကျဈေးတို့၌ အသံချဲ့စက် များဖြင့် အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
Subscribe to