ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြင်စလူမြို့တွင် Green City, Clean City, Smart City)ဖြစ်လာစေရေး စုပေါင်းသန့်ရှင်း ဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး(Green City, Clean City ,Smart City)ဖြစ်လာစေရေးအတွက် ယနေ့နံနက် (၈)နာရီ အချိန်မှစ၍ ပြင်စလူမြို့၊ ပြည်ထောင်စုလမ်းမကြီး လမ်းမကြီး ဘေးဝဲ/ယာတစ်လျှောက်တွင် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ဒေသခံပြည်သူများ၊ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့သည်။

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ပညာရေးမှူးရုံးမှကြီးမှူးပြီး ကျောင်းသား/သူများ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊

လားရှိုးခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလားအလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကျင်းပ

လားရှိုးမြို့၊ ရပ်ကွက်(၁၂) ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံ အားကစားရုံ၌ ဖေဖော်ဝါရီလ (၁၀)ရက်နံနက် (၁၀)နာရီ အချိန်ကခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားအလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ကျင်းပကြောင်း သိရှိရသည်။

မိုင်းကိုင်မြို့နယ်၌ ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဝမ်ဖွီးကျေးရွာနေ ကျေးလက်နေပြည်သူများအား ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဝမ်ဖွီးကျေးရွာအုပ်စုမှ ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသော အထိမ်းအမှတ် အခမ်းအနားမှူး အရည်အချင်း ပြိုင်ပွဲကျင်းပ

စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ဝန်ထမ်းများ စွမ်းဆောင်ရည် တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်ကာ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအထိမ်းအမှတ် အခမ်းအနားမှူး အရည်အချင်း ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ Video confencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ဟုမ္မလင်း၌ဟုမ္မလင်း၌ ( ၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်စကားပုံဆက် ပြိုင်ပွဲကျင်းပ

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငပု​တောမြို့နယ်၌ ၂၀၂၂-ဝ၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အ​ရေး လိုင်စင်များအား စျေးပြိုင်စနစ်ဖြင့် ​လေလံ​ရောင်းခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် စည်ပင်သာယာ​ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ် အခွင့်အ​ရေးလိုင်စင်များအား ​စျေးပြိုင်စနစ်ဖြင့် ​လေလံတင်​ရောင်းချခြင်း အခမ်းအနားကို ယမန်​နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့​ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ Quarantine Centre ပြင်ဆင်ထားမှုကြည့်ရှုစစ်ဆေး

ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများ ဆေးကုသမှုခံယူရန်အတွက် အမှတ်(၄)ရပ်ကွက် မိုးကုတ်ဓမ္မရိပ်သာ Quarantine Centre ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့ နေ့လည် ၁၂ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to