မိတ္ထီလာမြို့ ကုတင်(၂ဝဝ)ဆံ့ဆေးရုံတွင် သူနာပြုအကူများအား ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်လှစ်ပို့ချ
မိတ္ထီလာမြို့ ကုတင်(၂ဝဝ)ဆံ့ ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသောသူနာပြုအကူ သင်တန်းသား၊ သင်တန်းသူများကို ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအား ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ခရိုင်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးနေဦးထံက သိရသည်။