ဟုမ္မလင်း ဖေဖော်ဝါရီ ၁၀
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဧဆက်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေမြတ်ကို အမှတ်ရစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပ ပေးရခြင်းဖြစ်ကြောင်းပြောကြားကာ ကျောင်းသား ကျောင်း သူများအားစကားပုံဆက်ပြိုင်ပွဲ ဆက်လက်ကျင်းပပေးပြီး ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ စကားပုံဆက်ပြိုင်ပွဲသို့ အခြေခံပညာမူလတန်းကျောင်း ဟုမ္မလင်းမှ ကျောင်းသားကျောင်းသူ ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဧဆက်(ဟုမ္မလင်း)