ပြင်စလူမြို့ ဖေဖော်ဝါရီ ၁၀
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး(Green City, Clean City ,Smart City)ဖြစ်လာစေရေးအတွက် ယနေ့နံနက် (၈)နာရီ အချိန်မှစ၍ ပြင်စလူမြို့၊ ပြည်ထောင်စုလမ်းမကြီး လမ်းမကြီး ဘေးဝဲ/ယာတစ်လျှောက်တွင် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ဒေသခံပြည်သူများ၊ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့သည်။
အဆိုပါပြည်ထောင်စုလမ်းမကြီးနှင့် ကမ်နားလမ်းတစ်လျှောက်ရှိ လမ်းဘေးဝဲ/ယာစုပေါင်း သန့်ရှင်းရေးဆောင်ရွက်ရာ၌ ပြင်စလူမြို့၊ မြိုအုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်း ဦးဆောင်၍၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ဝန်ထမ်းများပြင်စလူမြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့၊မြို့စည်ပင်သာယာရေး အဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက လမ်းမကြီးဘေးရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ အမှိုက်သိမ်းဆည်း၊ အမှိုက်ကောက် စွန့်ပစ်ခြင်းများ ကိုစုပေါင်း ဆောင်ရွက်ခဲ့သည်။
ပြင်စလူမြို့တွင် ရပ်ကွက် (၃) ရပ်ကွက်ရှိပြီး မြို့သန့်ရှင်းသာယာလှပစေရေး ရပ်ကွက်များအတွင်း အပတ်စဉ် သန့်ရှင်းရေးကို စုပေါင်းဆောင်ရွက်နေကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။
ဇော်ဝင်းထွန်း