ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဟားခါး      ဖေဖော်ဝါရီ    ၉

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ခေတ္တပြည်နယ် ဝန်ကြီးချုပ်  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က အမှာစကားပြောကြားပြီး ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်းက ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် ဟာအိုဆင် ကျေးရွာနှင့် ဒင်လိုပါကျေးရွာများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်မည့် အစီအမံ များကို ဆွေးနွေး တင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အိုမီခရွန် ရောဂါပိုးတွေ့ရှိမှု ရှိမရှိ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် Booster dose ထိုးနှံပေးနေမှုအခြေအနေ၊ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရန် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက် ပြီးစီး မှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်တို့က တီးတိန်မြို့ တွင် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိမှု မြှင့်တက်လာသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့် ဆောင်ရွက်ရေး၊ စေတနာ့ ဝန်ထမ်းများ၊ ဆရာတော်များနှင့် ပူးပေါင်း၍ မြို့ပေါ်နှင့် ကျေးရွာများ တွင် RDT Test kit ဖြင့် စစ်ဆေး ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ကျေးရွာများ အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး၊ လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ရေး၊ တွန်းဇံမြို့၊ ကန်ပက် လက်မြို့နှင့် ကျီခါးမြို့ ပြည်သူ့ဆေးရုံများအတွက် အောက်ဆီဂျင် Plant များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးမည်ဖြစ်သည့်အတွက် မီးစက်များ ထောက်ပံ့ရေးတို့နှင့် ပတ်သက်၍ အကြံပြု ဖြည့်စွက်ဆွေးနွေးကြကာ ခေတ္ ပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)