ပန်းတောင်းမြို့နယ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)အရ ကျင်းပပြုလုပ်သော အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလွတ်တန်းမီမာရသွန် ပြိုင်ပွဲ၊ အလွတ်တန်းစားပွဲတင် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)အရ ကျင်းပ ပြုလုပ်သော အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလွတ်တန်းမီမာရသွန်ပြိုင်ပွဲ၊ အလွတ်တန်းစားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့‌ မွန်းလွဲ ၃ နာရီခွဲက လယ်ပြင်အသင်းနှင့် မလွန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည်။

ကမမောင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမတွင် ယမန်နေ့က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကျောင်းသား/သူများ၊ လူစည်ကားရာနေရာများ၊ ဈေးဆိုင်များနှင့် ရပ်ကွက် နေပြည်သူများတို့အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

နတ်တလင်းမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ချစ်နိုင်(စိတ်ပညာ)၏ "လူငယ်နှင့် အောင်မြင်မှု"စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာ ရှင်များစုစည်း၍ Youth Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မေတ္တာမြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင် ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ မေတ္တာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှုမဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ရောဂါပြန့်ပွါးမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကာကွယ် ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က မေတ္တာမြို့ပေါ်ရပ်ကွက်တွင်အသိပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံခြင်းများ ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့ နံနက် ၉ အချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေပြည်သူများမှ တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covishield) ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အုန်းတော (၁) (၂) ရပ်ကွက်၊ ဘူတာပတ်လမ်းအရှည် (၃၂၀၀) ပေ၊ အကျယ် (၂၀) ပေ၊ ထုလက်မ ကတ္တရာလမ်းအား (၇၂.၇၀၀) သန်းဖြင့် တစ်ဖက်(၃‌)ပေစီ ချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း စသည့်အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကြာကန်ကျေးရွာ၌  ချည်မျှင်ရှည်ဝါအထူးဇုံ ပံ့ပိုးပစ္စည်းပေးအပ်ပွဲကျင်းပ

မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာအုပ်စု ကြာကန်ကျေးရွာ၌ ၂ဝ၂၁-၂ဝ၂၂ ခုနှစ် မိုးကြိုချည်မျှင် ရှည်ဝါအထူးဇုံ ၅ဝ ဧက စိုက်ပျိုးမည့် ဒေသခံတောင်သူများအား  ပံ့ပိုးပစ္စည်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် အာဟာရဗေဒသင်တန်း ဖွင့်လှစ်ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန်နှင့် မှန်ကန်သောအစာအာဟာရ ကျွေးမွေးနိုင်ရန်ရည်ရွယ်၍ တိရစ္ဆာန်အာဟာရဗေဒသင်တန်းကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်ပြည်လမ်းရှိ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ပို့ချခဲ့သည်။
Subscribe to