ဗန်းမော်မြို့တွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ Talk Show ဆွေးနွေးပွဲပြုလုပ်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာTalk Show ဆွေးနွေးပွဲကို  ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် (၁၃၂၈၀ )ဦး ပြုလုပ်ပေးပြီးဖြစ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ် ရေးကတ်ပြုလုပ်ပြီးစီးသူ (၁၃၂၈၀) ဦး ရှိပြီ ဖြစ်ကြောင်းသိရသည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စု၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ၅၀ ရာခိုင်နှုန်းပြည့်မီခြင်း မရှိသေးသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိတ္ထီလာခရိုင်တွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စု၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ၅၀ ရာခိုင်နှုန်းပြည့်မီခြင်း မရှိသေးသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ယ‌နေ့နံနက် ၉ နာရီအချိန် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပူတာအိုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့လာသော ၂၀၂၂-ခုနှစ် ဖေဖော်ဝါရီ(၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန် နေ့နံနက်(၈)နာရီက ပူတာအိုမြို့ မြို့မဈေး၊ အထက-ပူတာအိုကျောင်းနှင့် လူအသွားအလာများသော လမ်းဆုံလမ်းခွများ၌ ဖြန့်ဝေပေးခဲ့သည်။

တောင်သာမြို့၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဆွေးနွေးပွဲကျင်းပ

လူငယ်လူရွယ်များ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး၌ ဖေဖော်ဝါရီလ(၁၂)နေ့တွင် ကျရောက်မည့် (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြည်သူ့စာကြည့်တိုက်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၈)ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်များ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းကြိုကလေးငယ်များ၏ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၉)ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

ဆင်ဆိပ်ကျေးရွာတွင် အိမ်သွယ်ရေတိုင်စနစ်သွယ်တန်းခြင်းရာနှုန်းပြည့်ပြီးစီး၊ အမှိုက်ကင်းစင်သောကျေးရွာဖြစ်လာစေရေးစုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဆင်ဆိပ်ကျေးရွာတွင် သမဝါနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာရေးနှစ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြစ်သော အိမ်သွယ်ရေတိုင်စနစ်သွယ်တန်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သောကြောင့် ဒေသခံ ပြည်သူများသန့်ရှင်းသော သောက်သုံးရေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ နေပြည်တော်၌ကျင်းပ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် နေပြည်တော်ပညာရေးမှူးရုံးမှကြီးမှူးပြီး ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်၊ သရုပ်ဖော် စွမ်းရည်များ ရရှိစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
Subscribe to