မိတ္ထီလာတက္ကသိုလ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြော၊ စစ်တုရင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
မိတ္ထီလာတက္ကသိုလ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကား ပြော၊ စစ်တုရင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ Presentation Roomတွင် ကျင်းပခဲ့ကြောင်း သိရသည်။