ငပု​တောမြို့နယ်၌ ၂၀၂၂-ဝ၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အ​ရေး လိုင်စင်များအား စျေးပြိုင်စနစ်ဖြင့် ​လေလံ​ရောင်းခြင်း အခမ်းအနားကျင်းပ

ငပု​တော ဖေ​ဖော်ဝါရီ ၉

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် စည်ပင်သာယာ​ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ် အခွင့်အ​ရေးလိုင်စင်များအား ​စျေးပြိုင်စနစ်ဖြင့် ​လေလံတင်​ရောင်းချခြင်း အခမ်းအနားကို ယမန်​နေ့နံနက်  ၁၀ နာရီအချိန်က ကျင်းပခဲ့​ကြောင်း သိရသည်။

ငပု​တောမြို့နယ် စည်ပင်သာယာ​ရေး​ကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင် (၇၁) ခုရှိရာ ယမန်​နေ့တွင် လာ​ရောက်​လေလံဆွဲဝယ်သူ (၃၅) ခုရှိပြီး  အဆိုပါလိုင်စင် (၃၅) ခု၏ ကြမ်းခင်း​စျေးမှာ ကျပ်    (၆၄၉  . ၉၆)  သိန်းဖြစ်၍  ​စျေးပြိုင် ​စနစ်ဖြင့် ​လေလံ​ရောင်းချရ​ငွေမှာ ကျပ် (၅၆ . ၅၁ )သိန်းပိုမို ရရှိ​ကြောင်းနှင့် ကျန်ရှိ​နေ​သော ​လေလံ(၃၆)ခုအား ယခုလ(၁၇)ရက်​နေ့တွင် ဒုတိယအကြိမ်ဆက်လက်​ ရောင်းချမည်ဖြစ်​ကြောင်း မြို့နယ်စည်ပင် သာယာ​ရေးအဖွဲ့ထံမှ သိရသည်။

 နုနု​အေး(ပြန်/ဆက်)