လားရှိုး ဖေဖော်ဝါရီ(၁၀)
လားရှိုးမြို့၊ ရပ်ကွက်(၁၂) ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံ အားကစားရုံ၌ ဖေဖော်ဝါရီလ (၁၀)ရက်နံနက် (၁၀)နာရီ အချိန်ကခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားအလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ကျင်းပကြောင်း သိရှိရသည်။
ယခုကျင်းပသော အားကစားပြိုင်ပွဲများသည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ခရိုင်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလားအနေဖြင့် ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲ ပွဲစဉ်များအနေဖြင့် လားရှိုးမြို့ရှိ ပြိုင်ပွဲဝင်အသင်း(၉)သင်းမှ အုပ်စု(၂)အုပ်စုဖြင့် ယှဉ်ပြိုင်ကစား ကြမည်ဖြစ်သည်။ အုပ်စု(က)တွင်ရပ်ကွက်(၉)၊ဇွဲမာန်၊Broken world၊ ရွှေနန်းစံ အသင်းနှင့် အုပ်စု(ခ)တွင် မြို့ဝမ်၊ R22၊Shwe Nine၊၊ ဝနားဖအသင်းတို့ ပါဝင်ကြပြီး ဖေဖော်ဝါရီ (၁၂)ရက်နေ့ ညနေ(၃)နာရီအချိန်၌ ဗိုလ်လုပွဲကိုကျင်းပကာ ဆုရရှိသော ပြိုင်ပွဲဝင်အသင်းများကို ခရိုင်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌမှ ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ လားရှိုးတက္ကသိုလ် အားကစားခန်းမ၌လည်း ဘောလီဘောပြိုင်ပွဲကို တစ်ပြိုင်တည်း ကျင်းပ နေကြောင်း သိရှိရသည်။
ဟန်ဌေး