ကျိုက်ထိုမြို့နယ်၌ (၇၅)နှစ်​မြောက်စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ်( Talk Show)ဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဖေဖော်ဝါရီ (၉)ရက် နေ့လည် (၁)နာရီအချိန်တွင် (၇၅)နှစ်​မြောက်စိန်ရတု ပြည်​ထောင်စု​နေ့အထိမ်း အမှတ်(Talk Show) ဆွေးနွေးပွဲ ကျင်းပ​​ပြုလုပ်ခဲ့ သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်

ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့သည်။

ကော့ကရိတ်မြို့၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ တစ်ရက်လီတာ(၄၀)အိုး အလုံး(၂၀၀)ခန့် ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံသစ်တွင် လိုအပ်နေသော ပြည်သူများ အသုံးပြုလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမ ကွက်သစ်ကျောင်းတိုက်အတွင်း တည်ဆောက် ထားသည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံကို အသင်း၏မတည်ငွေနှင့် အလှူရှင် များ လှူဒါန်းသည့် လှူဒါန်းငွေများဖြင့် ဆောက်လုပ်ထားရာ စက်ရုံတွင် တစ်ရက်လီတာ(၄၀)အိုး အလုံး(၂၀၀)ခန့် ထုတ်လုပ်နိုင်သည့် အေက်ဆီဂျင် စက်ရုံသစ်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လိုအပ်နေသော ပြည်သူများ အသုံးပြုလျက်ရှိကြောင်း စိန်ရတနာ နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ချီဖွေ၌ ( ၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မူလတန်းအဆင့် ဆေးရောင် ခြယ်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ (၂) နာရီတွင် ချီဖွေမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ၊ အောက်ဆီဂျင် စက်ရုံဖွင့်ပွဲနှင့် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ပန်းချီ၊ ကျပန်း စကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင် တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အ ထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲတက်ရောက်၍ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး သွေးအလှူရှင်များအတွက် ကြက်ဥ၊ အားဆေးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသို့လ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ ၁၃၆၅ ဦး ဝင်ရောက်ဖြေဆိုမည်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသို့လ်ဝင်တန်း စာမေးပွဲကို ကျောင်းသား/သူ ၁၃၆၅ ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သဲကုန်းမြို့တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဆုပေးပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ လူမှုဝန်ထမ်းရုံး၏ ကြီးကြပ်မှုဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၃)ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံကလေးများနေ့အကြို လှုပ်ရှားမှုများ ကျင်းပပြီး၍ ကလေးငယ်များအား လက်ဆောင်ဆု ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က သဲကုန်းမူလတန်းကြိုကျောင်း၌ ကျင်းပသည်။

သဲကုန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် (Community Centre)တွင် စားသုံသူတို့၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူတို့၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဥက္ကဋ္ဌ ဖလားဖူဆယ် ဘောလုံး ပြိုင်ပွဲကျင်းပ

တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖူဆယ်ဘောလုံးကွင်း၌ ယမန်နေ့ နံနက်(၈)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to