သဲကုန်းမြို့တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဆုပေးပွဲအခမ်းအနားကျင်းပ

သဲကုန်း ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ လူမှုဝန်ထမ်းရုံး၏ ကြီးကြပ်မှုဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၃)ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံကလေးများနေ့အကြို လှုပ်ရှားမှုများ ကျင်းပပြီး၍ ကလေးငယ်များအား လက်ဆောင်ဆု ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က သဲကုန်းမူလတန်းကြိုကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးယဉ်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက မြန်မာနိုင်ငံ ကလေးများနေ့ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆုရရင်သွေးငယ်များမှ ဖျော်ဖြေမှု အစီအစဉ်ဖြင့် တင်ဆက်ခဲ့ပြီး ဆုရ ရင်သွေးငယ်များအား ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် အလှူရှင်များက ဆုများချီးမြှင့် ကြကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)