သဲကုန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် (Community Centre)တွင် စားသုံသူတို့၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

သဲကုန်း  ဖေဖော်ဝါရီ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူတို့၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချစ်နှင်းသုန်က စားသုံးသူတို့၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များပြောကြားပြီး မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ထွန်းက စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပါဝင်သည့် စားသုံးသူများရရှိမည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူများရရှိမည့် အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေများနှင့် ကုန်စည်ဝန်ဆောင်မှုနှင့် ပတ်သက်သည့် နစ်နာမှုများရှိလျှင် ဆောင်ရွက်ရမည့် နည်းလမ်းများအား အကျယ်တဝင့်ဆွေးနွေး  ပေးခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)