အင်းစိန်မြို့နယ်၌ တစ်ရက်လီတာ(၄၀)အိုး အလုံး(၂၀၀)ခန့် ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံသစ်တွင် လိုအပ်နေသော ပြည်သူများ အသုံးပြုလျက်ရှိ

ရန်ကုန်    ဖေဖော်ဝါရီ    ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမ ကွက်သစ်ကျောင်းတိုက်အတွင်း တည်ဆောက် ထားသည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံကို အသင်း၏မတည်ငွေနှင့် အလှူရှင် များ လှူဒါန်းသည့် လှူဒါန်းငွေများဖြင့် ဆောက်လုပ်ထားရာ စက်ရုံတွင် တစ်ရက်လီတာ(၄၀)အိုး အလုံး(၂၀၀)ခန့် ထုတ်လုပ်နိုင်သည့် အေက်ဆီဂျင် စက်ရုံသစ်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လိုအပ်နေသော ပြည်သူများ အသုံးပြုလျက်ရှိကြောင်း စိန်ရတနာ နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံံ့ပြန်ရေး ကော်မတီ၏ ပါဝင်အားပေးကူညီမှု လှူဒါန်း ငွေ၊ အသင်း၏မတည်ငွေနှင့် အလှူရှင် အသီးသီးတို့၏ စုပေါင်းလှူဒါန်းငွေတို့ဖြင့် ဝယ်ယူထားပြီး ယင်း အောက်ဆီဂျင်စက်ရုံတွင် တစ်နာရီလျှင်(၄၀)လီတာ ဝင်အိုးကြီး (၁၀)လုံးခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ တစ်ရက်လျှင်(၄၀)လီတာဝင်အိုးကြီး အလုံး(၂၀၀)ခန့် ထုတ်လုပ် ပေးနိုင်ရန်အတွက်  စက်ကြီးအား ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများက တပ်ဆင်စမ်းသပ် ပေးခဲ့ပြီး စိန်ရတနာ နာရေးကူညီမှုအသင်းရှိ တာဝန်ရှိသူများက အောက်ဆီဂျင်အိုးများ ထုတ်လုပ် လျက်ရှိသည်။

အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်း အနေဖြင့် ပုံမှန် လူမှုကူညီရေးလုပ်ငန်းများ နှင့် အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို