ချီဖွေ ဖေဖော်ဝါရီ ၁၀
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မူလတန်းအဆင့် ဆေးရောင် ခြယ်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ (၂) နာရီတွင် ချီဖွေမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဂွါဇာလေးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပင်လုံမြို့၌ သမိုင်းဝင် စာချုပ်ကို တိုင်းရင်းသား ခေါင်းဆောင်ကိုယ်စားလှယ် (၂၃)ဦးတို့က သမိုင်းဝင်ပင်လုံစာချုပ်အား လက်မှတ်ရေးထိုးမှု ကြောင့် မြန်မာနိုင်ငံလွတ်လပ် ရေးရရှိလာပုံ ကျောင်းသား ကျောင်းသူများအနေဖြင့် တိုင်းရင်းသားညီအစ်ကို အချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်ထာဝစဉ်ရှင်သန်ရေးနှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေမြတ်ကို အမှတ်ရစေရန် ရည်ရွယ်ကြောင်းပြောကြားကာ ကျောင်းသားကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲ ဆက်လက် ကျင်းပပေးပြီး ဆုရရှိသူများအား ဆုများ အသီးသီး ပေးအပချီးမြှင့်ခဲ့သည်
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ အခြေခံပညာမူလတန်းကျောင်း ဥက္ကပ်မှ ကျောင်းသား ကျောင်း သူ ၁၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)