ပုသိမ် ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင် တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အ ထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲတက်ရောက်၍ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး သွေးအလှူရှင်များအတွက် ကြက်ဥ၊ အားဆေး နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပုသိမ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှထောက်ပံ့သည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကဗ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရည်များပတ်ဖြန်းပေးကြပြီး အောက်စီဂျင်စက်ကို စက်ခလုပ်နှိပ်ဖွင့်လှစ် ပေးခဲ့ကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ဆက်လက်၍ Ayeyarwady Development Public ကုမ္ပဏီမှ လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ပြီး စက်ရုံနှင့် ပတ်သက်သည့် စာရွက်စာတမ်း မျာကိုအလှူရှင်မှပေးအပ်ခဲ့ရာ ပုသိမ်ပြည်သူ့ ဆေးရုံ အုပ်ကြီးဒေါက်တာကျော်ဇင်မှ လက်ခံရယူခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကဗ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရည် များပတ်ဖျန်းပေးကြပြီး အောက်ဆီဂျင်စက်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကုသဆောင်ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့အဝင်ဂိတ် သို့ ရောက်ရှိ၍ ပုသိမ်မြို့သို့ ဝင်ရောက်လာသည့် ခရီးသည်များအား ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျည်းစည်း ကမ်းများနှင့် အညီ ကြပ်မတ်ဆောက်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ပုသိမ်မြို့တော် ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sputnik LIGHT COVID-19) ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာညွှန်ကြားချက်များနှင့် အညီ နေထိုင်ကြရန်၊ အပြင်သွားလာရာတွင် Mask များ စနစ်တကျ တပ်ဆင်သွားလာ ကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ခဲ့ပြီး ကျပန်းစကား ပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းသူ မယွန်းသီရိသော်၏ ကျပန်းစကား ပြောယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေးကာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ်ခရိုင်(ပြန်/ဆက်)