မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသို့လ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ ၁၃၆၅ ဦး ဝင်ရောက်ဖြေဆိုမည်

မင်းဘူး   ဖေဖော်ဝါရီ   ၁၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသို့လ်ဝင်တန်း စာမေးပွဲကို ကျောင်းသား/သူ ၁၃၆၅ ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ ဝင်ရောက်ဖြေဆိုကြရာတွင် မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ စကုမြို့ အခြေခံပညာ အထက်တန်းကျောင်း၊ မုန်တောင်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းနှင့် ရွာသာယာ ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းဟူ၍ စာစစ်ဌာန (၄) ခုတွင် မင်းဘူးမြို့ အမှတ် (၁) အ.ထ.က တွင် ၇၃၄ ဦး၊ စကုမြို့ အ.ထ.က တွင် ၄၂၀ ဦး၊ မုန်တောင်ကျေးရွာ အ.ထ.က တွင် ၁၆၄ ဦး၊ ရွာသာယာကျေးရွာ အ.ထ.က တွင် ၄၇ ဦးစုစုပေါင်း ၁၃၆၅ ဦးဝင်ရောက်ဖြေဆို၍ စာမေးပွဲ ဖြေဆိုမည့်ရက်မှာ ၂၀၂၂ မတ်လ ၃၁ ရက်မှ ဧပြီ ၉ ရက်နေ့အထိဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးအောင်ဇော်ထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)