တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၀
တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖူဆယ်ဘောလုံးကွင်း၌ ယမန်နေ့ နံနက်(၈)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဖူဆယ် ဘောလုံး ပြိုင်ပွဲကိုအသင်း (၁၁)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့နံနက်(၈)နာရီတွင် ကျင်းပမည်ဖြစ်ကာ ဆုရရှိသည့်အသင်းများကိုပါ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)