ကော့ကရိတ်မြို့၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ကော့ကရိတ်   ဖေဖော်ဝါရီ     ၁၀

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ထမ်းပေါင်းစုံ (GEC) သမဝါယမအသင်းဥက္ကဋ္ဌ ဦးတင်မောင်လှက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက မိမိဌာန၏လုပ်ငန်းများ၊  ပြိုင်ပွဲကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ထို့နောက် မူလတန်းအဆင့် ပုံပြင်ပြော ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဝန်ထမ်းပေါင်းစုံ (GEC) သမဝါယမအသင်းဥက္ကဌ၊ ခရိုင်ပြန်/ဆက် ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါ ဆုများကို ဝန်ထမ်းပေါင်းစုံ (GEC) သမဝါယမ အသင်းအဖွဲ့မှ ပံ့ပိုးကူညီပေးထားကြောင်း သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)