ကျိုက်ထို ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဖေဖော်ဝါရီ (၉)ရက် နေ့လည် (၁)နာရီအချိန်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်း အမှတ်(Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် ကဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုက်ထိုမြို့နယ် စာပေချစ်သူများအသင်း အဖွဲ့၀င် ဦးလှထွန်းနှင့် ဦးအောင်ခိုင်စိုးတို့က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း အရာများ၊ ပြည်ထောင်စုစိတ်ဓါတ်ရှင်သန်စေရေး၊နောင်အနာဂတ်တိုင်းရင်းသားလူငယ်များအနေဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြစေရေး၊ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့အောင် ဝိုင်း၀န်း ထိန်းသိမ်းရေးအစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
၀င်းမောင်(ကျိုက်ထို)