ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြ

ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေး လုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြသ ခြင်းကို ယမန်နေ့ UP စက်သုံးဆီ အရောင်းဆိုင်ရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်သူထိုက် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅)ဦးတို့သည် ကွမ်းခြံကုန်း မြို့နယ် ကမာပါကျေးရွာ ရန်ကုန်-ကွမ်းခြံကုန်းလမ်းဘေးရှိ UP စက်သုံးဆီအရောင်း ဆိုင်မှ ဝန်ထမ်းများအား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ ပြည့်စုံမှုရှိ/မရှိ၊ ဆီအတင်/အချ ဆောင်ရွက် ရာတွင် မီးဘေးလုံခြုံရေးကင်းရှင်းစေရန် လိုက်နာရမည့် အချက်များ၊ ဆီမီးလောင်မှု များအား လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ မီးငြှိမ်းသတ်နိုင်စေ ရေးနှင့် မီးသတ်ဆေးဘူးဖြင့် စနစ်တကျ မီးငြှိမ်းသတ်နိုင်စေရန်တို့အတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ် (IPRD)