မင်းဘူး ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပူစီပေါင်းဗိုက်ညှပ်၊ ပင်ပေါင်ခြင်းထည့်၊ အရုပ်ခေါက်၊ စာဖတ်စွမ်းရည်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မင်းဘူးမြို့ မြောက်ရပ်မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းဦးက ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ကို အစဉ်အမြဲ သတိရစေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ ယှဉ်ပြိုင်ခြင်းကြောင့် ရဲ့ရင့်၍ ဉာဏ်ရည် ထက်မြက်သော လူတော်လူကောင်းလေးများ ဖြစ်လစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မင်းဘူးမြို့ သီရိမင်္ဂလာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးလှတိုးက ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်ရှင်ပြိုင်စေရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူအသီးသီးမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)