မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနအလိုက်ပြခန်းများ ခင်းကျင်းပြသထားမှုအား ကြည့်ရှုအားပေး

မကွေး ဖေ‌ဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ တိုင်ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်၊ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ ညနေ (၅)နာရီအချိန်က မကွေးခရိုင် အားကစား ကွင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန အလိုက် ပြခန်းများခင်းကျင်းပြသထားမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုရာတွင် ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြခန်းတွင်ပြသထားရှိသော တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်းများနှင့် ဝန်ကြီးဌာနအလိုက် ပြသထားရှိ သော ပြခန်းများအား ကြည့်ရှုအားပေးရာ ပြခန်းများရှိ တာဝန်ရှိသူများမှ မိမိတို့ပြခန်းများ အလိုက် ပြသထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနအလိုက် ပြခန်းများအား မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ရိုးရာ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများ ဆောင်ရွက်ထားရှိမှု၊ ဝန်ကြီးဌာနအသီးသီးမှ မိမိတို့ဌာန အလိုက် လုပ်ငန်းများအလိုက် ပြခန်းများ ဆောင်ရွက်ထားရှိမှုအပေါ် ပြည်သူများ စိတ်ဝင် စားပြီး ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြခန်းပေါင်း(၇၀)ကျော်ဖြင့် ဖေဖော်ဝါရီလ (၉)ရက် နေ့မှ (၁၂)ရက်နေ့အထိ ခင်းကျင်းပြသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုစည်သူ (မကွေး)