သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်း အမှတ် မြို့နယ်အတွင်း အားကစားနည်းပြိုင်ပွဲများကို ယနေ့နံနက် (၀၈:၃၀)မိနစ်အချိန်က ဘောလီဘောပြိုင်ပွဲကို ရန်ကြီးအောင်ဘုရားဝန်းအတွင်းနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ၅၅၅ ဖူဆယ်ဘောလုံးအားကစားကွင်းတို့၌ စတင်ကျင်းပ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အားကစားနည်းပြိုင်ပွဲများဖြစ်သော ဘောလီဘော အားကစားနည်းနှင့် ဖူဆယ် ဘောလုံးအားကစားနည်းများကို မြို့နယ်အတွင်းဝင်ရောက်ယှဉ်ပြိုင်ကြသော အသင်းကို ခွဲဝေ၍ စတင်ယှဉ်ပြိုင်ကြစေခဲ့ကြောင်းသိရသည်။
မြို့နယ်အတွင်းရှိ ဘောလီဘော အားကစားအသင်း(၈)သင်းနှင့် ဖူဆယ်ဘောလုံး အသင်း(၈) သင်းတို့၏ ယှဉ်ပြိုင်နေမှု များကို တာဝန်ရှိသူများက ကြည့်ရူအားပေးခဲ့ပြီး ဗိုလ်လုပွဲစဉ်များ အဖြစ် ဖေဖော်ဝါရီလ( ၁၂)ရက်နေ့တွင် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ဆုရရှိသည့်အသင်းကို ဆုများထိုက်ထိုက်တန်တန်ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး