သံတွဲ ဖေဖေါ်ဝါရီ ၁၁
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သံတွဲခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှကြီးမှူးကျင်းပသည့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်စွမ်း မြင့်မားလာနိုင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက သံတွဲခရိုင် လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က အဖွင့်အမှာ စကား ပြောကြားသည်။ ထိုသို့ပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅ မှာ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရမည်ဟု ပါရှိပြီး ပုဒ်မ ၃၉၀(ခ) တွင် နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကိစ္စရပ်များတွင် နိုင်ငံတော် အား ကူညီရန်ဟု ပါရှိသည့်အတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းသူပြည်သားအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အတူတကွပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟိန်းသူဇင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှု အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့သည်။ ၎င်းနောက် မြို့နယ်ဦးစီးမှူး ဦးဟန်မင်းထက်အောင်က ရာသီဥတုပြောင်းလဲမှုဒဏ်ခံ နိုင်စွမ်းမြင့်မားလာနိုင်ရေးဆိုင်ရာ သိကောင်း စရာ များကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသူများ၏ ပြန်လည်ဆွေးနွေးမေးမြန်းချက်များကို တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုမှူးကြီး ဝင်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ တက်ရောက် ကြသည်။
ခရိုင် ပြန်/ဆက်