တနိုင်းမြို့နယ်တွင် အခြေခံပညာမူလတန်းလွန် ကင်ဆားရာကျောင်းမှ အခြေခံပညာ အလယ်တန်း ကင်ဆားရာကျောင်း(ခွဲ)သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်

တနိုင်း ဖေဖော်ဝါရီ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အခြေခံပညာမူလတန်းလွန် ကင်ဆားရာ ကျောင်းမှ အခြေခံပညာအလယ်တန်း ကင်ဆားရာကျောင်း (ခွဲ) သို့ အဆင့်မြှင့်တင်ဖွင့်လှစ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အခြေခံပညာမူလတန်းလွန် ကင်ဆားရာကျောင်းမှ အခြေခံပညာအလယ်တန်းကင်ဆားရာ ကျောင်း(ခွဲ)သို့ အဆင့်တိုးမြှင့်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်ပညာရေး ဖွံ့ဖြိုးမှု ကော်မတီဥက္ကဋ္ဌ) ဦးအောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်လွမ်းတူး၊ မြို့နယ် ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်ပညာရေးဖွံ့ဖြိုးမှုကော်မတီဥက္ကဋ္ဌ) ဦးအောင်စိုး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်လွမ်းတူး၊ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ ဌာနဆိုင်ရာများ၊ ကျောင်း ကော်မတီအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများက အမှတ်တရမှတ်တမ်း ဓာတ်ပုံများ ရိုက်ခဲ့ကြကြောင်း သိရသည်။

ဝါဝါ(တနိုင်း)