သာယာဝတီ ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာပေဗိမာန်စာမူဆုရ စာရေးဆရာ ဦးသန်းအောင် (ခက်လှိုင်းကျော်) သာယာဝတီက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်စေရေး၊ နောင်အနာဂတ် တိုင်းရင်းသားလူငယ်များအနေဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေရေး၊ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းရေး၊ အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့နှင့် စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်ဆိုသည့် အချက်များကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show များကို အပတ်စဉ် တင်ဆက်ပေးလျက်ရှိရာ We Love Tharyarwaddy Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)