ပန်းဆိုးတန်း-ဒလ သင်္ဘောဆိပ်ကမ်း၌ အနယ်နယ်အရပ်ရပ်က ခရီးသည်များအဆင်ပြေစေရေး ရေယာဉ်ခရီးစဉ် အသွား၊ အပြန် ၄၀ ခေါက်နှုန်းဖြင့် ပြေးဆွဲပို့ဆောင်

ရန်ကုန်   ဖေဖော်ဝါရီ   ၁၄

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌  ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင်၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရီးသွား လုပ်သားပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် အထွေထွေလုပ်သားပြည်သူ များအား ခရီးသွားလာရေး လွယ်ကူအဆင်ပြေစေရေးအတွက်  ရန်ကုန်မြစ်တွင်း ချယ်ရီသင်္ဘော ရေယာဉ်များဖြင့် ကူးတို့ပို့ဆောင်ပြေးဆွဲပေး လျက်ရှိရာလက်ရှိအချိန်တွင် အစိုးရရုံးဖွင့်ရက်များနှင့် ရုံးပိတ်ရက်များတွင်ပါ အသွား ၄၀ ခေါက်၊ အပြန် ၄၀ ခေါက်နှုန်းဖြင့် ပြေးဆွဲပို့ဆောင်ပေး လျက်ရှိကြောင်းသိရသည်။

အဆိုပါ သင်္ဘောဆိပ်ကမ်းတွင် ခရီးသည်များသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် သင်္ဘောရေယာဉ်ခရီးစဉ်များ ပြေးဆွဲပေးရာတွင် ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် နံနက် ၅ နာရီခွဲမှ ည ၇ နာရီနှင့် ရန်ကုန်(ပန်းဆိုးတန်း)ဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် နံနက် ၆ နာရီမှ ည ၇ နာရီခွဲအထိ ပြေးဆွဲပေးလျက်ရှိပြီး၊ အနယ်နယ်အရပ်ရပ်က ခရီးသွားလုပ်သား ပြည်သူများသွားလာမှု အပေါ်မူတည်၍ ရေယာဉ်ခရီးစဉ် အချိန်များကို ခေါက်ရေတိုး၍ ပြေးဆွဲပို့ဆောင်ပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရသည်။

သုတ