စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ပထမ)အကြိမ် ထမနဲထိုး ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ပထမ)အကြိမ် ထမနဲထိုး ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက အဆိုပါရုံးဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်ခရိုင်မြို့ရှိ တာမိုးညဲမြို့တွင် လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းဆောင်ရွက်          

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ခြင်းကို  မြို့နယ်ဦးစီးမှူးရုံးတွင်   ယမန်နေ့နံနက် ၉:၃၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုလျှော့နည်းကျဆင်းစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုလျှော့နည်းကျဆင်းစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ၊ ဖေဖော်ဝါရီ(၁၄)ရက်နေ့ ညနေ(၄)နာရီက ဘူတာ ကွက်သစ်ရပ်ကွက်၊ လယ်ယားတောင်ကျေးရွာနှင့် တောင်ခြေကျေးရားများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘိုကလေးမြို့နယ်ရှိ ကုတင်(၁၀၀)ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးရွာများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချိုကြည်သာသနာ့ဗိမာန်တော်တွင် ဘိုကလေးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ASEAN AHA Centerတို့ပူးပေါင်း၍ ယမန်နေ့ နေ့လည်(၁)နာရီ၌ ဘိုကလေးမြို့ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၊ ကျေးလက်ကျန်းမာရေး ဌာန(၂) ခု၊ ကျေးလက်ကျန်းမာရေးဌာန ခွဲ(၇)ခုနှင့် ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာ(၃၉)ရွာတို့အား အောက်စီဂျင် Concentrator (၁၀)လီတာစက်များနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်း များ လှူဒါန်းပေးအပ်ခဲ့သည်။

ဂွမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းအားဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်း များတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ရန်ကုန်အ နောက်ပိုင်းခရိုင် ဒဂုံမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၈း၀)နာရီအချိန် ကယောမင်းကြီး ရပ်ကွက်ရှိ ဗိုလ်ရာညွှန့်စျေး၊ ဘုရားကြီးရပ်ကွက်ရှိ အခွန်လွှတ်စျေး၊ ဦးဝိစာရရပ်ကွက်ရှိဒဂုံရိပ်သာစျေးတို့တွင် မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းပိုးမကူးစက်စေရေး အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရ သည်။

လမ်းမ‌တော်မြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးစစ်‌ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာ‌ စေရေးအတွက် ယနေ့နံနက် (၉) နာရီအချိန်က၊ မော်တင်ယာယီဈေးရပ်ကွက်၊ ဘုန်းကြီးလမ်းနှင် ကမ်းနားကွန်ကရစ်လမ်းထောင့် တွင် ယာဉ်စစ်‌ဆေးခြင်း ဆောင်ရွက်လျက်ရှိ‌သည်။

စမ်းချောင်းမြို့နယ်၌ ပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်း​ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိ များပြားလာသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စမ်းချောင်းမြို့နယ် ကျွန်း​တောစျေးအတွင်း လူစည်ကား​ရာ​နေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲနှင့် စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံ  ပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးလိုက်နာရန် အသိပေးကြေညာခြင်း နှင့်  နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်တွင် " မလိုထင်းဖြူမီးပုံပွဲ " အတွက် မလိုထင်းဖြူများ ရောင်းချ၍ ဒေသခံကျေးရွာပြည်သူများက တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် အတွင်းရှိ ဗုဒ္ဓဘာသာဝင် ပြည်သူများက တပို့တွဲလပြည့် အဖိတ်နေ့ညတွင် ပြုလုပ်သည့် " မလိုထင်းဖြူမီးပုံပွဲ " အတွက်အသုံးသည့် ဒေသအခေါ် မလိုထင်းဖြူများကို ရောင်းချ၍ ဒေသခံကျေးရွာပြည်သူများက တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။ 
Subscribe to