ဂွ ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် Covidshield - ပထမအကြိမ်နှင့် ဒုတိယကြိမ် ထိုးနှံပြီးသည့် ၆ လပြည့်ပြီး နိုင့်ငံဝန်ထမ်းများအား တတိယအကြိမ် (Boster dose) အဖြစ် (Covaxin) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စုရပ် ၃ခုလုံးတွင် ယနေ့နံနက်ပိုင်းကစတင်ကာ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin)ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ စာရင်း ရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းတို့ပြုလုပ်ကာ ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ထိုးနှံပေးခဲ့ပြီး မိနစ်(၃၀)ခန့်အနားယူစေခဲ့သည်။
ဖေဖော်ဝါရီလ(၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့ များတွင် ဇန်နဝါရီလ(၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့ များမှ Phase - 6 (Covidshield - ပထမအကြိမ်) ထိုးနှံထားသော ပြည်သူများအား (Covidshield - ဒုတိယအကြိမ်)ကို လည်းကောင်း၊ ယခင်က ဆေးထိုးရန်ကျန်ခဲ့သော Phase - 5 (Sinopharm & Sinovac - ဒုတိယအကြိမ်) များကိုလည်းကောင်း၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့နှင့် (၁၈)ရက်နေ့များတွင် အသက် ၆၅ နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စု ၁၃ မျိုးတွင် ပါသော ပြည်သူများအား ယခင်က (Covidshield - ပထမအကြိမ်နှင့် ဒုတိယအကြိမ်) ထိုးနှံပြီး ၆လပြည့်ပြီးသူများကိုလည်း Covidshield - တတိယအကြိမ် (Boster dose) အဖြစ် လည်းကောင်းစုရပ် ၃ခုလုံးတွင် တစ်ပြိုင်နက်တည်း ထပ်မံထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်