ရသေ့တောင် ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covishield အမျိုးအစား ဆဌမအသုတ် ဒုတိယအကြိမ်ထိုးနှံခြင်းကို သတ်မှတ်စုရပ် အသီးသီး၌ ယနေ့နံနက် ၉ နာရီမှ စ၍ စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးထိုးသတ်မှတ်စုရပ်များဖြစ်သည့် မြို့မစုရပ်၊ စေတီပြင်၊ လက်ပံပင်ရင်း၊ နွားလားကျော်(လိုင်ဂွင်)၊ အာကာတောင်၊ အုတ်ဖိုကျေးရွာများတွင် အသက် (၁၈)နှစ် အထက်ရှိသည့် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ပြည်သူများအား ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီးမှ ကာကွယ်ဆေးထိုးနှံပေးကာ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)