မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် သီရိရတနာဈေးတွင် Mask Campaign ဆောင်ရွက်

မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ()ရပ်ကွက်၊ သီရိရတနာ စျေးတွင် စျေးဝယ်/ စျေးရောင်းချသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနှင့် Mask Campaing ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများ၊ ()စျေးတာဝန်ခံအဖွဲ့ ဝန်ထမ်းများပူးပေါင်း၍ စျေးရောင်း/ စျေးဝယ်သူများ၊  Mask တပ်ဆင်ခြင်း မရှိသူများအား Mask များ ဝေဌခြင်း၊ စည်းကမ်းစနစ်တကျ စျေးရောင်းချစေရေး၊ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေး၊ စျေးရောင်းလျှင် Mask တပ်၍ ရောင်းချစေရေး အသိပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း