ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်ခန့် မြို့ပေါ်ရပ်ကွက်များအတွင်း နှိုးဆော်ခဲ့ကြသည်။

ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တပို့တွဲလပြည့်နေ့ အကြိုထမင်းနဲထိုးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူး ကျင်းပသော တပို့တွဲလပြည့်နေ့ အကြိုထမင်းနဲပြိုင်ပွဲကို ယမန်နေ့ညနေ၂နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖုန်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းလျော့ချရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်း လျော့ကျလာစေရေးတို့ အတွက် ဒေသခံပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများ အား ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဖုန်းကုန်ကျေးရွာ လမ်းဆုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများအားထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံထားပြီးသော နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်သာသနာ့ဗိမာန်၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာ၌ မီးဘေးသင့်နေအိမ်များအား ထောင်ပံ့ပစ္စည်း ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာ၌ ဖေဖော်ဝါရီလ ၁၃ရက် နေ့လည်(၁:၃၅) နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာတွင် မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၆)စုအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ပြုလုပ် ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်‌ထောင်စုနေ့အထိမ်းအမှတ် အသက်(၂၅)အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ် (၅)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မင်းဘူးခရိုင် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးသည်။

မြောင်းမြမြို့၊ ဒေသသုတေသနဗဟိုဌာနတွင် ပြောင်းသီးနှံ ဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ်နှိမ်နှင်းနည်းနှီးနှောဖလှယ်ခြင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် အာရှဒေသစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (AFACI)၊ အပြည်ပြည်ဆိုင်ရာပြောင်းနှင့် ဂျုံဖွံ့ဖြိုး တိုးတက်မှုစင်တာ (CIMMYI) တို့၏အထောက်အပံ့ဖြင့် ပြောင်းသီးနှံဘက်စုံပိုးမွှားရောဂါနှင့် ပေါင်းကာကွယ် နှိမ်နှင်းနည်းနှီးနှောဖလှယ်ခြင်းနှင့် ဆွေးနွေးပွဲ အခမ်း အနားကို ယနေ့နံနက်(၉)နာရီ အချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန(DAR)၊ ဒေသ သုတေသန ဗဟို ဌာန(မြောင်းမြ)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒများစာအုပ်ပါရာထူးတိုးမြှင့်ခြင်းဆိုင်ရာတွင် နည်းဥပဒေပုဒ်မ(၂၆)မှ (၃၉) အထိ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် မြို့နယ်ဦးစီးမှူးများပါဝင်သော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to