ရေကြည် ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ မွန်းလွှဲ (၁)နာရီအချိန်က လူစည်ကားရာ နေရာဖြစ်သည့် ပိတောက်ချောင် လမ်းဆုံလမ်းခွ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာခြင်း မရှိစေရေး အသိပညာပေး ခြင်းကို မြို့နယ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)