တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ရန်ပုံငွေ (၂၈၁၉၁၈၀၀) ကျပ်ဖြင့် ဆောင်ရွက် လျက်ရှိသော ချောင်းနက်ကျေးရွာဈေး (အလျား ၁၄၅ ပေ၊ အနံ ၁၂၅ပေ၊ အမြင့် ၁ ပေခွဲ )အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ (၁၅) ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းခွင်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း၊ အဖွဲ့ဝင် (၂) ဦးလှသောင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးမြလင်း၊ EE ဦးစိုးနိုင်ဦးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်း များ နှင့်အညီ အချိန်မီပြီးစီးရေးမှာ ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ချောင်းနက်ကျေးရွာဈေး ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများပြီးစီးသွားပါက ယခင်က မြေကြီးပေါ်တွင် ဈေးများရောင်းချခဲ့ရာမှ ယခုအခါ ကွန်ကရစ်ခင်း အဖြစ် အဆင့်မြှင်တင်ဆောင်ရွက်ပေးသဖြင့် ကွန်ကရစ်အခင်းပေါ်တွင် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရတော့မည်ဖြစ်ကြောင်းနှင့် မိုးတွင်းကာလတွင်လည်း စိတ်ချမ်းမြေ့စွာဖြင့် ဈေးရောင်းဈေးဝယ်များ ပြုလုပ်ဆောင်ရွက်ရတော့မည်ဖြစ်သဖြင့် ဝမ်းသာပီတိဖြစ်ရပါကြောင်း ဈေးသည်တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။
မြို့နယ် (ပြန်/ဆက်)