ရန်ကင်း ဖေဖော်ဝါရီ ၁၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိ ယနေ့နံနက် ၈ နာရီက လူစည်ကားရာနေရာများ ဖြစ်သည့် ရန်ကင်းမြို့နယ်အမှတ် ၁၁ ရပ်ကွက်ရှိ ကံဘဲ့ဘူတာစျေး အတွင်း၌ ပူးပေါင်းအဖွဲ့များမှ အသိပညာပေး ကြေညာခြင်းနှင့် ဗီနိုင်း ပိုစတာများချိတ်ဆွဲ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးမင်းမင်းလတ်၏ လမ်းညွှန်မှု ဖြင့်လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံ မိဘပြည်သူများနှင့်ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာ သည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက် လိုက်နာကျင့်သုံးစေရေး ဈေးဝယ်၊ဈေးသည်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီနေထိုင်၊ လုပ်ကိုင်၊ သွားလာစေရေး အသိပညာပေး ခြင်းများ၊ ကျန်းမာရေးဝန်ကြီးဌာန ကထုန်ပြန်ထားသည့် ရှောင်ရန်၊ ဆောင်ရန်နည်းလမ်းများ အားပြည်သူများလိုက်နာသိရှိစေရန် Handspeaker များဖြင့် အသိပေး ကြေညာခြင်းများ၊ စျေးအတွင်းအပြင် ဗီနိုင်းပိုစတာများချိတ်ဆွဲခြင်းများကို လူစည်ကားရာနေရာများဖြစ်သည့် အမှတ် ၁၁ ရပ်ကွက်အတွင်းရှိ ကံဘဲ့ဘူတာစျေးအတွင်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါအသိပညာ ပေးလုပ်ငန်းဆောင်ရွက်ခြင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသက်ဦး ဦးဆောင်သောဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများပူးပေါင်း ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)