ဘောဂလိမြို့၌  ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး  အသိပေးနှိုး‌ဆော်ချက်များ အသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား  သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည် နှိုးဆော်ခဲ့ကြသည်။

မိုးမိတ်မြို့နယ် အာသံကျေးရွာတွင် မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား စံချိန်စံညွှန်းပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများကောင်းမွန်စေရေးအတွက် နှစ်စဉ်ဘဏ္ဍာရေးနှစ် အလိုက် ဆောင်ရွက်လျက်ရှိရာ အာသံကျေးရွာရှိ  အာသံဘုန်းကြီးကျောင်းလမ်းအား မြေသားလမ်း အဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်တည် ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင် အရာရှိ ဦးတင်ရှိန်တို့က စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ယနေ့ နံနက် (၉)နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စမ်းချောင်း မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများ၊ သံဃာ​​တော်များနှင့် သီလရှင်များအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ​​​ကျောင်းဝင်းအတွင်းတွင် ယနေ့နံနက် (၀၉:၀၀) နာရီအချိန် က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုဒုတိယအကြိမ် (phase 6) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၆၄၂)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ဗီရိုးဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော် မှုများ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ယနေ့နံနက်ပိုင်းက စည်ပင်သာယာ မြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့သည်။

သထုံမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံကာ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး စသည့်ကိစ္စရပ်များအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မန္တလေး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် လျှပ်စစ်သွယ်တန်းတတ်ဆင်ခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတတ်ဆင်ခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မန္တလေး၊ မဟာအောင် မြေမြို့နယ်ရှိ ဟော်တယ်မန္တလေး တွင် ကျင်းပပြုလုပ်သည်။

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ညံရိုးမီးပူဇော်ပွဲကျင်းပ

ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ညံရိုးမီးပူဇော်ပွဲကို ယနေ့နံနက် ၅ နာရီအချိန်က စေတီတော်တောင်ဘက် စောင်းတန်းထိပ် ရတနာပုံထီးဘုရားအနီး၌ကျင်းပရာ စေတီတော်ရင်ပြင်၌ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး အများပြည်သူအပေါင်းတို့က ဗုဒ္ဓမြတ်စွာဘုရားရှင်အား ညံရိုးများဖြင့်မီးပူဇော်ကြသည်။

မန္တလေးခရိုင် Community Centre  တွင် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလေးခရိုင်စာရင်းရုံးတို့ ပူးပေါင်း၍ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို  မန္တ‌လေးခရိုင်  Community Centre   သင်တန်းခန်းမတွင်  ဖေဖော်ဝါရီ ၁၄ရက်နေ့မှ ၁၆ရက်‌နေ့အထိ ၃ ရက်ကြာသင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိသည်။

မိတ္ထီလာမြို့နယ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်သန်းလေးရာကျော်ဖြင့် ကန်တောင်-အင်အုံး-မောင်း တိုင်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း လေးရာကျော်ဖြင့် ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျေးလက် လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

လသာမြို့နယ်တွင်အသက်  (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ​ပေး

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယ​မန်နေ့​ နံနက်၉နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ အထက(၂)လသာကျောင်း၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။
Subscribe to