မံစီမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

မံစီ ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ သက်ငယ်မုဒိမ်းမှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြည်သူများအနေဖြင့် သက်ငယ်မုဒိမ်းမှုဆိုင်ရာ အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း မိမိတို့ဌာန အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် အသိပညာပေး လုပ်ငန်းများကို အွန်လိုင်းမှတဆင့် ပြုလုပ်လျက်ရှိပြီး အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲကို  အွန်လိုင်း လူမှုကွန်ယက်စာမျက်နှာများမှတဆင့် ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြသက်ဦး က ပြောကြားသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးဒါန်အောင်က သက်ငယ်မုဒိမ်းမှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် သက်ဆိုင်သည့် ဥပဒေအကြောင်းအရာများ ကို အကျယ်တဝင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)